တိမောသေ/ဩဝါဒစာ ဒုတိယစောင်
ရှင်ပေါလု/၏ နှုတ်ခွန်းဆက်/စကား
1
ဘုရားသခင်/၏ အလိုတော်/အတိုင်း ယေရှု/ခရစ်တော်/၏ တမန်တော်/အဖြစ် ရွေးချယ်တော်မူခြင်း/ခံရသူ၊ ယေရှု/ခရစ်တော်/ကို ယုံကြည်/လျှင် ရရှိမည်/ဟု ဘုရားသခင် ကတိပေးတော်မူသည့်/ထာဝရ/အသက်/အကြောင်း/ကို ဟောပြော/ရန် စေလွှတ်ခံရသူ ကျွန်ုပ်/ပေါလု စာရေးလိုက်ပါ၏။
2 ဤ/စာ/သည် ချစ်သော/သား တိမောသေ/ထံသို့ ပို့လိုက်သော/စာ/ဖြစ်၏။
ကျွန်ုပ်တို့/၏ အဖ/ဘုရားသခင်/နှင့် သခင်/ယေရှု/ခရစ်တော်/တို့/ထံမှ ကျေးဇူးတော်၊ ကရုဏာ/နှင့် ငြိမ်းချမ်းခြင်း/သည် သင့်/အပေါ် သက်ရောက်ပါစေသော။
သစ္စာရှိ/စွာ အမှုဆောင်/ရန် တိုက်တွန်းအားပေးခြင်း
3 ကျွန်ုပ်/သည် သင့်/အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေး/သောအခါ ကျွန်ုပ်/၏/ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်/နည်းတူ လိပ်ပြာသန့်သန့်/ဖြင့် ကျွန်ုပ်/ကိုးကွယ်သော ဘုရားသခင်/ကို ကျေးဇူးတင်၏။ 4 သင်/မျက်ရည်ကျသည်/ကို သတိရ/တိုင်း သင့်/ကို ကျွန်ုပ်/တွေ့လို/လှ၏။ သို့မှသာ ကျွန်ုပ်/ဝမ်းမြောက်နိုင်/လိမ့်မည်။ 5 ခရစ်တော်/ကို သင်/အမှန်တကယ်/ယုံကြည်ကြောင်း ကျွန်ုပ်/သတိရ၏။ သင့်/အဖွား/လောဣ/နှင့် သင့်/မိခင်/ဥနိတ်/တို့သည် ဦးစွာ ယုံကြည်ကြပြီး ယခု သင်/၌လည်း ထို/ယုံကြည်ခြင်း/မျိုး ရှိကြောင်း ကျွန်ုပ်/စိတ်ချ/ယုံကြည်၏။
6 ထို့ကြောင့် သင့်/အပေါ် ကျွန်ုပ်/လက်တင်/စဉ်က ဘုရားသခင် သင့်/အား ပေးတော်မူသော ဆုကျေးဇူး/ကို ပြန်လည်/တောက်လောင်/စေရန် လှုံ့ဆော်လော့/ဟု ကျွန်ုပ်/သတိပေး၏။ 7 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် ကျွန်ုပ်တို့/အား သူရဲဘောကြောင်သော/စိတ်/ကို ပေးတော်မမူဘဲ တန်ခိုး/ပါသော/စိတ်၊ ချစ်တတ်သော/စိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သော/စိတ်တို့/ကို ပေးတော်မူ/သောကြောင့်/ဖြစ်၏။ 8 ထို့ကြောင့် ကျွန်ုပ်တို့/၏ သခင်ဘုရား/အကြောင်း သက်သေခံ/ရန် မရှက်နှင့်။ သခင်ဘုရား/အတွက်ကြောင့် အကျဉ်းချ/ခံနေရသော ကျွန်ုပ်/အတွက်/လည်း မရှက်နှင့်။ ဘုရားသခင်/၏ တန်ခိုးတော်/ဖြင့် သတင်းကောင်း/အတွက် ကျွန်ုပ်/နှင့်အတူ ဒုက္ခခံလော့။ 9 ဘုရားသခင်/သည် ကျွန်ုပ်တို့/ကို ကယ်တင်တော်မူ/ပြီး သန့်ရှင်းသော/ဘဝ/၌ အသက်ရှင်/နေထိုင်/ရန် ခေါ်ယူတော်မူသည်/မှာ ကျွန်ုပ်တို့/၏ လုပ်ဆောင်မှု/ကြောင့် မဟုတ်ဘဲ ကိုယ်တော်/၏ အကြံအစည်တော်/နှင့် ကျေးဇူးတော်/ကြောင့် ဖြစ်၏။ ကိုယ်တော်/သည် ရှေးယခင်/မတိုင်မီ/ကပင် ယေရှု/ခရစ်တော်/အားဖြင့် ထို/ကျေးဇူးတော်/ကို ကျွန်ုပ်တို့/အား ပေးသနားတော်မူ၏။ 10 ထို/ကျေးဇူးတော်/သည် ကျွန်ုပ်တို့/၏ ကယ်တင်ရှင် ယေရှု/ခရစ်တော်/ကြွလာတော်မူခြင်း/ဖြင့် ယခု/ထင်ရှားပြီ။ ခရစ်တော်/သည် သေခြင်း/ကို ဖျက်ဆီးပြီး မပျက်စီး/မယိုယွင်းသော/အသက်ရှင်ခြင်း/အကြောင်း/ကို သတင်းကောင်း/ဖြင့် ပေါ်လွင်/ထင်ရှားစေတော်မူ၏။ 11 ဤ/သတင်းကောင်း/အတွက် တရားဟောဆရာ၊ တမန်တော်/နှင့် ဆရာ/အဖြစ် ကျွန်ုပ်/ကို ခန့်ထားတော်မူပြီ။ 12 ထို/အကြောင်း/ကြောင့် ဤ/ဆင်းရဲဒုက္ခ/ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်/မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်/သည် မိမိ/ယုံကြည်သော/အရှင်/ကို သိ/ပြီး ကိုယ်တော်/ထံ၌ မိမိ/အပ်ထားသော/အရာa/ကိုလည်း ထို/နေ့ရက်/တိုင်အောင် ကိုယ်တော်/စောင့်ထိန်းတော်မူမည်/ဟု စိတ်ချ/သောကြောင့်/ဖြစ်၏။
13 ကျွန်ုပ်/ထံမှ ကြားရသည့် မှန်ကန်သော/တရားစကား/ကို စံနမူနာ/အဖြစ် ခံယူ/၍ ခရစ်တော်/ကို ဆက်လက်/ယုံကြည်/လျက် လူတို့/ကို ချစ်လော့။ ဤသို့ သင်/လုပ်ဆောင်နိုင်သည်/မှာ ယေရှု/ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ရှိသောကြောင့်/ဖြစ်၏။ 14 သင့်/ထံ၌ အပ်ထားသော/သတင်းကောင်း/တရား/ကို ကျွန်ုပ်တို့/ထဲ၌ ကိန်းဝပ်တော်မူသည့်/သန့်ရှင်းသော/ဝိညာဉ်တော်/အားဖြင့် ကာကွယ်/စောင့်ရှောက်လော့။
15 ဖုဂေလု/နှင့် ဟေရမောဂင်/တို့/အပါအဝင် အာရှပြည်/၌ နေထိုင်သော/လူအပေါင်း/သည် ကျွန်ုပ်/ကို စွန့်ခွာသွားကြောင်း သင်/သိ၏။
16 ဩနေသိဖော်/၏/မိသားစု/အပေါ် သခင်ဘုရား/၏ ကရုဏာတော်/သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူ/သည် ကျွန်ုပ်/အကျဉ်းချ/ခံရသည်/ကိုပင် မရှက်မကြောက်/ဘဲ အမြဲ အားပေးနှစ်သိမ့်/သောကြောင့် ဖြစ်၏။ 17 သူ/သည် ရောမမြို့/သို့ ရောက်နေ/စဉ် ကျွန်ုပ်/ကို မတွေ့မချင်း အလွန်/ကြိုးစား/ရှာ/၍ တွေ့ဆုံခဲ့၏။ 18 ဧဖက်မြို့/၌ ကျွန်ုပ်/ရှိစဉ် သူ/သည် မည်မျှ/အကူအညီ/ပေးခဲ့သည်/ကို သင်/ကောင်းစွာ/သိ၏။ သခင်ဘုရား ပြန်ကြွလာတော်မူမည့် ထို/နေ့/၌ သခင်ဘုရား/သည် သူ့/အား ကရုဏာတော်/ခံစားရသော/အခွင့်/ကို ပေးသနားတော်မူပါစေသော။